ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / May 21, 2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မှ မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။


    ၂၀၂၆ ခုနှစ်၊ မေ ၁၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ မေ ၁၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၄၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးမြို့မှ ဒိုက်ဦးမြို့ဘက်သို့ ပဲခူးမြို့နယ်၊ မယင်းကံကြီးကျေးရွာနေ ဒေါ်တင်မာဝင်း(၄၂)နှစ် မောင်းနှင်ပြီး မယင်းရွာမကျေးရွာနေ ဒေါ်ထွေးရီ(ခ)ပါကြီး(၆၈)နှစ် လိုက်ပါလာသည့် 48W-XXXX FEILING ဘေးတွဲဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းလျှောက်နေသူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ဦးစိုးသန်းထူး (၅၅)နှစ်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မှာ လမ်းလယ်သို့ ရောက်ရှိသွားစဉ် မျက်နှာချင်းဆိုင်မှ ဒိုက်ဦးမြို့နယ်၊ ပန်းခိုင်ကျေးရွာနေ ဦးကျော်ဆန်းလင်း(၃၈)နှစ် မောင်းနှင်လာသည့် BGO-11/ 9F-XXXX TOYOTA ACE မော်တော်ယာဉ်နှင့် လမ်းလယ်တွင် ထပ်မံတိုက်မိခဲ့သဖြင့် ဒေါ်တင်မာဝင်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးစိုးသန်းထူးနှင့် ဒေါ်ထွေးရီ(ခ)ပါကြီးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ကျော်ဆန်းလင်းနှင့် ဒေါ်တင်မာဝင်းတို့ နှစ်ဦးအား ဘုရာကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။