ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / May 23, 2026


     ၂၀၂၆ ခုနှစ်၊မေ ၂၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၂၁ ရက် နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-နှင်းဝိသွားလမ်း၊ လူထုမေတ္တာတံတားအနီးတွင် ဒိုက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နှင်းဝိကျေးရွာမှ ဒိုက်ဦးမြို့ဘက်သို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နေ နေထူးလွင်(ခ)နေ့သစ်(၁၇)နှစ် မောင်းနှင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နေ အောင်မင်းနိုင်(၄၂)နှစ် လိုက်ပါလာသည့် HONDA CLICK 125 ဆိုင်ကယ်၊ ပဲခူးမြို့နယ်နေ အောင်မြင့်မြတ်(၁၇)နှစ် မောင်းနှင်ပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်နေ ဇေယျာကျော်(၃၇)နှစ် လိုက်ပါလာသည့် HONDA CLICK 125 ဆိုင်ကယ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နေကြသူများဖြစ်ကြသည့် နေလင်းထွန်း(၂၆)နှစ် မောင်းနှင်လာသည့် HONDA SCOOPY Club 12 ဆိုင်ကယ်၊ ကိုဦး(ခ)ပိုင်စိုးဟိန်း(၁၉)နှစ် မောင်းနှင်ပြီး ထွန်းလင်း(၄၇)နှစ် လိုက်ပါလာသည့် HONDA SCOOPY Club 12 ဆိုင်ကယ်နှင့် ထိုက်ထိုက်(၂၉)နှစ် မောင်းနှင်လာသည့် HONDA CLICK 125 ဆိုင်ကယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်နေကြသူများဖြစ်ကြသည့် စည်သူဖြိုး(၁၈)နှစ် မောင်းနှင်လာသည့် HONDA CLICK 125 ဆိုင်ကယ်နှင့် မြင့်မြတ်သူ(ခ)မြတ်သူ(၁၇)နှစ် မောင်းနှင်လာသည့် HONDA CLICK 125 ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်များနှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် နေထူးလွင်(ခ)နေ့သစ်ပါ ၁၀ ဦးတို့အား ဒိုက်ဦးမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။