ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ (၆) စက်လမ်းနှင့် ပွင့်သစ်စလမ်းထောင့်တွင် နေအိမ် မီးလောင်မှု
ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ (၆) စက်လမ်းနှင့် ပွင့်သစ်စလမ်းထောင့်တွင် နေအိမ် မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 08, 2022

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၆)၊ စက်လမ်းနှင့် ပွင့်သစ်စလမ်းထောင့်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ၀၃၀၅ အချိန်ခန့်က ပိုင်ရှင် ဒေါ်မြသန်း၏ (၁၄x၂၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တွင် မီးသွေးမီးဖိုဖြင့် ထမင်းအိုးတည်ရာမှ ဘေးအကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁၃) စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၀၃၅၅ အချိန် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ် (၁၄) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်မြသန်းအား အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။