ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ ဗဟိုစည်(၄)လမ်းတွင် နေအိမ် မီးလောင်မှု
ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ ဗဟိုစည်(၄)လမ်းတွင် နေအိမ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 11, 2022

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ ဗဟိုစည်(၄)လမ်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ ၁၁၀၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်နေခြည်၏ (၂၅x၃၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် ပဲခူးခရိုင်/မြို့နယ်ရှိ မီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁၃) စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၁၁၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆသူ ဒေါ်နေခြည်အား ပဲခူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ ဗဟိုစည်(၄)လမ်းတွင် နေအိမ် မီးလောင်မှု