ပဲခူးမြို့နယ် အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

ပဲခူးမြို့နယ် အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / February 26, 2025
image_latest


ပဲခူး ဖေဖော်ဝါရီ ၂၅

          ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

          ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပဲခူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုရေးဦးစီးဌာနမှ လုပ်ငန်းတင်ဒါစနစ်ဖြင့် တင်ဒါအောင်မြင်သည့် အောင်ချမ်းမိုရ်ကုမ္ပဏီက ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)