ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းချက်ထားကာ အကောင်အထည်ဖော် ဆောင်ရွက်

ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းချက်ထားကာ အကောင်အထည်ဖော် ဆောင်ရွက်


Ministry of Information/ Naypyitaw / April 03, 2024
image_latest


မန္တလေး ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကော်ဖီစီမံကိန်းဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဧပြီ ၁ ရက်ကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်ဌာနများမှ တိုင်းဦးစီးမှူးများ၊ ပြင်ဦးလွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်ကပြင်ဦးလွင်ဒေသအတွင်း၌ ကော်ဖီနှင့်ဒေသထွက်ကုန်ပစ္စည်းများကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြင်ဦးလွင်ဒေသနှင့်ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်နှင့် ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းချက်ထားကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကော်ဖီလုပ်ငန်းများအတွက် ဖော်ဆောင်ပေးထားသည့် ကော်ဖီစီမံကိန်းမြေနေရာများတွင် ကော်ဖီစိုက်ပျိုးမှုများ တိုးတက်စေရေး၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး စီမံခန့်ခွဲရေးနည်းလမ်းများအရ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို သတ်မှတ်ကာလအတွင်းပြီးစီးရေး သက်ဆိုင်ရာဌာနများက စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ရည်မှန်းချက်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ တိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများက ကော်ဖီစီမံကိန်းမြေနေရာများနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,