ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးပိတ်ဆို့ထားသည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးပိတ်ဆို့ထားသည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်


Ministry of Information/ Naypyitaw / November 20, 2023
image_latest


နေပြည်တော် နိုဝင်ဘာ ၂၀

TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းအပါအဝင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ပျက်ပြားစေရန်အလို့ငှာ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသော လမ်းများအား ကန့်လန်ဖြတ်မြောင်းကြီးများတူး၍ လမ်းအား ဖျက်ဆီးကာ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် ၁ နေရာ၊ လယ်ကျင်းကွေ့ကျေးရွာအနီးတွင် ၁ နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် ၁ နေရာ၊  ဂုတ်တွင်းရှုခင်းသာအနီးတစ်ဝိုက်တွင် ၁ နေရာ၊ နောင်ပစ်လမ်းခွဲ နေရာတွင် ၁ နေရာ၊  နောင်ပစ်နှင့် နောင်ပိန်းကျေးရွာကြား နေရာတစ်ဝိုက်တွင် ၇ နေရာတို့၌ မြေဖြတ်ကျင်းများတူး၍ လမ်းအား ဖြတ်တောက်ပိတ်ဆို့ခြင်း၊ အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှုရပ်တန့်ခဲ့ရသည်။ ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ပြည်သူများ၏ အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများစွာ တွေ့ကြုံခဲ့ရသည်။

အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ လမ်းပိတ်ဆို့ဖျက်ဆီးထားသည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၆ ရက်နေ့မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများအား တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများ ပိတ်ဆို့ဖျက်ဆီးထားသည့်နေရာ ၁၂ နေရာတို့အား ပြန်လည်ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ပြီး ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်ကာ အဆိုပါ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ကျန်ရှိသည့်နေရာများအားလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းမကြီးများအား ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,