ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 04, 2025
ဘားအံ - နိုဝင်ဘာ (၃)
ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင် ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း/လက်ခံသည့်အခမ်းအနားကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေဘောင်အတွင်းဝင်ရောက်လာခြင်းသည် နိုင်ငံတော်အတွက်ရော ပြည်သူ လူထုနှင့်မိသားစုအတွက်ပါ အကျိုးရှိသည့်အတွက် နိုင်ငံတစ်ဝန်းတွင်ဖွင့်လှစ်ထားသည့် ကြိုဆိုရေးစခန်းများ၊ နီးစပ်ရာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲစခန်း၊ တပ်စခန်းများသို့ ဆက်သွယ်ဆောင်ရွက်ကြစေလိုကြောင်း၊ အလင်းဝင်ရောက် လာသူ လူငယ်(၃)ဦးနှင့်အုပ်ထိန်းသူများကိုမှာကြားလိုသည်ကတော့ အစိုးရအနေဖြင့်စိတ်ရင်းစေတနာမှန်ဖြင့် ယခုကဲ့သို့ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား နောက်နောင်တွင်ယခုကဲ့သို့အမှားထပ်မလုပ်စရန်နှင့် နိုင်ငံရေးသမားများ ၏ အသုံးချခံမဖြစ်စေရေး၊ သတင်းမီဒီယာများ၏မဟုတ်မမှန်သွေးထိုးလှုံ့ဆော်မှုအပေါ် နာမယောင်ကြရန်ပြောကြားလို ကြောင်း၊ မကြာမီကာလတွင်လည်း အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းဆန္ဒမဲ ပေးနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး မိမိရပ်ရွာ၊ မိမိမိသားစုအတွက် ကောင်းကျိုးများဆောင်ရွက်ပြီး မိသားစုအတွက် နိုင်ငံတော်အတွက် တန်ဖိုးရှိသော နိုင်ငံသားကောင်းဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်က အသိပညာပေးစကားပြောကြားပြီး PDF သင်တန်း ဆင်းအလင်းဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူပါရှိလာသော သေနတ်(၃)လက်၊ လက်ပစ်ဗုံး(၂)လုံးနှင့်ခဲယမ်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံ အပ်နှံခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ချီးမြှင့်ငွေကျပ် ၁၅၆ သိန်းကို ပေးအပ်ခဲ့ကြရာ PDF သင်တန်းဆင်းအလင်းဝင်ရောက်လာသူများကိုယ်စား လူငယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် PDF သင်တန်းဆင်းအလင်းဝင်ရောက် လာသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြကြောင်းနှင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက် ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရကထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက် ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏မိဘအုပ်ထိန်း သူများထံသို့ လွဲပြောင်းအပ်နှံပေးခဲ့ပါသည်။


                            
                                