ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း
Office of the Auditor General of the Union/ NPT / April 09, 2026
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျင်းပခဲ့သည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းများက သွေးလှူဒါန်းကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး ကြက်ဥ၊ အားဖြည့် အချိုရည်၊ မုန့်၊ ရေသန့်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဦးသောင်းလှိုင်က ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးလာရောက်လှူဒါန်းကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
