ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) မှ အိမ်သုံးဆိုလာမီးအိမ်များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) မှ အိမ်သုံးဆိုလာမီးအိမ်များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ခြင်း
Office of the Auditor General of the Union/ NPT / September 19, 2025
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ အိမ်သုံးဆိုလာမီးအိမ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ မွန်းလွဲ ၃း၃၀ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နီလာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာဒေါ်ခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
ထို့နောက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သဘာဝဘေးဒဏ်ခံစားခဲ့ရသည့်ဝန်ထမ်းများအသုံးပြုရန်အတွက် ငွေကျပ်သိန်း၁၀၀တန်ဖိုးရှိ အိမ်သုံး ဆိုလာမီးအိမ်အစုံ ၁၀၀ ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာဒေါ်ခင်နိုင်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။