ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲကျင်းပခြင်း


Office of the Auditor General of the Union/ NPT / September 30, 2025


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာအရောင်းဆိုင် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ သည်။

ဦးစွာ ဝန်ထမ်းသက်သာအရောင်းဆိုင်ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယ စာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းသက်သာအရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ဝန်ထမ်းသက်သာ အရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားကို အဆင့်မြင့်စာရင်း ကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ ခတ္တာခန်းမ၌ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က ဝန်ထမ်းသက်သာ အရောင်းဆိုင်ဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ပေးမှုနှင့်စပ်လျဥ်း သည့် အမှာစကားပြောခဲ့ကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာ ဗျူဟာရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလည်းဖြစ်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများအတွက် ဝန်ထမ်းသက်သာအရောင်းဆိုင် အောင်မြင်စွာ ဖွင့်လှစ် နိုင်မှုနှင့်စပ်လျဥ်း၍ အမှာစကားပြောခဲ့ကြားပြီး ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာပေးခဲ့အပ်သည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းသက်သာအရောင်းဆိုင် ဖြစ်မြောက်စေရေးအတွက် စီစဥ်ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဥ်းသည့် မှတ်တမ်းတင် Video Clip အား ပြသပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဝန်ထမ်းသက်သာအရောင်းဆိုင်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ အတွက် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည့် သက်သာချောင်ချိရေးအစီအစဉ်များအပြင် ငလျင် ဒဏ်ကြောင့် ယာယီဝန်ထမ်းအိမ်ရာများတွင် ပြောင်းရွေ့နေထိုင်လျက်ရှိသည့် ဝန်ထမ်းနှင့် မိသားစုများအပါအဝင် ရုံးဝန်ထမ်းများအားလုံး နေ့စဉ်နေထိုင်စားသောက်ရေးအတွက် အဆင် ပြေလွယ်ကူစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ရုံးချိန်အတွင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ စာရေးကိရိယာများ၊ သမဝါယမဦးစီး ဌာနမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနှင့် ယက်ကန်းထည်များ၊ စက်မှုဝန်ကြီးဌာနမှ ထုတ်ကုန်ပစ္စည်းများကို ရောင်းချပေးသွားမည်ဖြစ်သည့်အပြင် ဝန်ထမ်းများ၏ ဆန္ဒပြုမှုအရ အသုံးပြုလိုသည့်ပစ္စည်းများကိုလည်း တိုးချဲ့ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်း စစ်ချုပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

HOT NEWS
January 4,