ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / July 11, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ဇမ္ဗူ့ကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ကွန်တိန်နာအိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက သတ်မှတ်နေရာ၌ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ရုံးဝန်ထမ်းများက သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းပင် ၂၀၀ နှင့် တမလန်း ၂၅ ပင်တို့ကို အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်