ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံ ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား တက်ရောက်

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံ ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား တက်ရောက်


Ministry of Information/ Naypyitaw / October 31, 2025
image_latest


မြစ်ကြီးနား အောက်တိုဘာ ၃၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ကွင်းအမှတ်-၄/ယောရင်ကွင်း ဦးပိုင်အမှတ် ၃၅ / ၂င ၊ ၃၅ /၂စ ရှိ ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ် ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါအဆောက်အအုံ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။

အမွှေးနံ့သာများ ပက်ဖျန်းပေး

အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက်တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးရွာသွန်းပေးပြီး အဆောက်အအုံဆောက်လုပ် မည့် ပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။

 အဆိုပါအဆောက်အအုံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၀၂၃ -၂၀၂၇ (၅)နှစ်တာ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၊ တတိယနှစ် လုပ်ငန်း အစီအစဉ်(၂၀၂၅)၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၁)၊ မဟာဗျူဟာရည်မှန်းချက် ၁.၄၊ မဟာ ဗျူဟာအစီအစဉ် ၁.၄.၁ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆောက်အအုံမှာ အလျား ၂၀၆ ပေ၊ အနံ ၁၃၅ ပေရှိ သံကူကွန်ကရစ်လေးထပ် အဆောက်အအုံဖြစ်ကာ G3 Group Limited က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

HOT NEWS
January 4,