ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ


Ministry of Home Affairs/ Naypyitaw / September 13, 2025


   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

  ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ Junction မီးပွိုင့်အနီး၌ အမှတ်(၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ဧည့်ဂေဟာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆင့်မြင့်ဈေးမီးပွိုင့်ဘက်မှ စံပယ်လမ်းဆုံ မီးပွိုင့်ဘက်သို့ အောင်သုခကျေးရွာနေ ဆုမွန်ထိုက်(၃၈)နှစ် မောင်းနှင်လာသည့် MDY-18 1N/XXXX Honda Fit Shuttle ခဲရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စုမွန်ထိုက်အား ဧည့်ဂေဟာနယ်မြေရဲစခန်း (ပ)၄၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။