ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / September 17, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဇေယျာသီရိကုန်တိုက်ဝင်းနေ နှင်းနုထွေး(၃၈)နှစ်အား လည်းကောင်း။
အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများဖြစ်သည့် ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာနေ အောင်ပိုင်စိုး(၂၃)နှစ်၊ ညောင်ကုန်းကြီးကျေးရွာနေ စိုးအောင်(၅၈)နှစ်နှင့် ရင်းငြိမ်(မြောက်)ကျေးရွာနေ တင့်လွင်ဦး(၃၇)နှစ်တို့ သုံးဦးအားလည်းကောင်း၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာနေ ထက်ဖြိုးသူ(၂၁)နှစ်၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနေ ကျော်ဌေးအောင်(၃၄)နှစ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနေ စိုးပိုင်(၄၉)နှစ်အားလည်းကောင်း။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်နေ ကျော်ဟိန်းထက်(ခ)ဟာဆန်း(၂၃)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် အောင်ပိုင်စိုးပါ ရှစ်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
