ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူ
Ministry of Home Affairs/ နေပြည်တော် / November 30, 2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၅၀ မိနစ်တွင် ပုဗ္ဗသီရိမြို့နယ်၊ ခါးပြတ်ကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး ဦးဝင်းထွဋ်၏ “နှင်းရတနာအောင်” ကွမ်းယာဆိုင်အနောက်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပတ္တာနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ပုဗ္ဗသီရိမြို့နယ်၊ တံတားဦးကျေးရွာနေသူများ ဖြစ်ကြသည့် ဝင်းထွဋ်(၃၆)နှစ်၊ သီဟ(၃၆)နှစ်၊ ငုဝါခိုင်(၃၅)နှစ်နှင့် စက်ကုန်းကျေးရွာနေ ဝင်းနိုင်ဦး(၃၆)နှစ်တို့အား ဖဲရိုက်လောင်းကစားတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်များ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် ဝင်းထွဋ်ပါလေးဦးအား ပတ္တာနယ်မြေရဲစခန်း (ပ)၅၁/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
