ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လေးကောင်ဂျင်လောင်းကစားပြုလုပ်သူ အမျိုးသား ရှစ်ဦးအား ဖမ်းဆီးအရေးယူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လေးကောင်ဂျင်လောင်းကစားပြုလုပ်သူ အမျိုးသား ရှစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / February 20, 2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လေးကောင်ဂျင်လောင်းကစား  ပြုလုပ်သူ အမျိုးသားရှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၌ လေးကောင်ဂျင်လောင်းကစားပြုလုပ်သူ အမျိုးသား ရှစ်ဦးအား ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျေးစာဥကျေးရွာ၊ အင်းနီကန်အနီး၌ လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ လယ်ဝေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အင်းနီကန်အနီး မန်ကျည်းပင်အောက်၌ လေးကောင်ဂျင်ဝိုင်းဒိုင်အဖြစ် ပြုလုပ်နေသည့် လယ်ဝေး မြို့နယ်၊ ရွှေကျောင်းကုန်းကျေးရွာနေ ဦးသန်းဇော်ဦး(ခ)ဇော်ကြီး(၅၁)နှစ်နှင့်အတူ  လောင်းကစား လာရောက်ပြုလုပ်နေသည့် တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးအောင်မြင့်ကြည်(၆၅)နှစ်၊ ဦးမောင်တင့်(၇၀)နှစ်၊ ဦးဝင်းအောင်(၅၅)နှစ်၊ မရိုးအင်းကျေးရွာနေ ဦးမျိုးလှိုင်ဝင်း(၂၉)နှစ်၊ ဥသျှစ်လှိုင်း ကျေးရွာနေ ဦးမောင်ထွေး(၅၀)နှစ်၊ ပေတုန်းမျှောင်ကျေးရွာနေ ဦးသက်လွင်ဦး(၂၈)နှစ်နှင့် ဒက္ခိဏသီရိမြို့နယ်၊ ဆည်စုကျေးရွာနေ ဦးမြင့်(၅၃)နှစ်တို့အား လေးကောင်ဂျင် လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ ဖုန်း လေးလုံး၊ ဆိုင်ကယ် ၁၃ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သန်းဇော်ဦး(ခ)ဇော်ကြီးပါ ရှစ်ဦးအား ဒက္ခိဏသီရိ မြို့မရဲစခန်း (ပ)၁၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။