ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မီးရထားနှင့် မော်တော်ယာဉ် တိုက်မိ၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မီးရထားနှင့် မော်တော်ယာဉ် တိုက်မိ၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ Naypyitaw / March 02, 2026


   ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မီးရထားနှင့် မော်တော်ယာဉ်တိုက်မိ၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

   ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်နှင့် သာဂလကျေးရွာကြား မီးရထားလမ်း မိုင်တိုင် အမှတ် ၂၃၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား ရထားသံလမ်းကူး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျည်တောင်ကန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူ မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မင်းဇော်(၅၃)နှစ် မောင်းနှင်ပြီး အမျိုးသား နှစ်ဦး လိုက်ပါလာသော BGO-6/6F-XXXX BONGO ယာဉ်သည် ဇဝနဒီပရပ်ကွက်မှ သာဂလကျေးရွာဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ရထားသံလမ်းအား ဖြတ်ကူးမောင်းနှင်စဉ် ကျည်တောင်ကန်ဘူတာဘက်မှ နေပြည်တော်ဘူတာကြီးသို့ မောင်းနှင်လာသော DF-1275 မန္တလေး-ရန်ကုန် အမှတ်(၁၂)အစုန် အမြန်ရထားမှ တိုက်မိခဲ့ရာ မင်းဇော်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် မင်းဇော် အား ကျည်တောင်ကန် နယ်မြေရဲစခန်း (ပ)၃၁/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,