ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ဆိုင်ရာ ဟောပြောဆွေးနွေးပွဲအခမ်းအနား ကျင်းပ
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ဆိုင်ရာ ဟောပြောဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / June 10, 2023

နေပြည်တော် ဇွန် ၉
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင် ညွန့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ဟောပြောပွဲသို့ တက်ရောက်လာကြသော အရာရှိကြီး များသည် ဝန်ထမ်းအဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို လက်တွေ့တာဝန်ယူ ဆောင်ရွက်နေကြသူများဖြစ်သဖြင့် အရာရှိကြီးများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို ကောင်းစွာသိရှိနားလည်ပြီး ပြောင်းလဲလာ သော ခေတ်မီနည်းပညာ၊ အတတ်ပညာများကို အမြဲလေ့လာဆည်းပူးကြရန်နှင့် မိမိတို့လက်အောက်ရှိ ဝန်ထမ်းများကို ပြောင်းလဲတိုးတက်လာသည့် ခေတ်မီနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူ နိုင်စေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အရာထမ်း ကြီးများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိလက်အောက် ဝန်ထမ်းများကိုလည်း သင်ကြားပြသလမ်းညွှန်မှု ပြုရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားရှိသော နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို တိကျစွာလိုက်နာ ကြရမည်ဖြစ်ပြီး ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ထုတ်ပြန် ထားသည့် ရုံးလုပ်ငန်း လက်စွဲကို လက်ကိုင်ပြုထားကြရမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန်က နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ ဝန်ထမ်းရေးရာ ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက် သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်