ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကလောမြို့နယ် ဟဲဟိုးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကလောမြို့နယ် ဟဲဟိုးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / September 03, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက ကလောမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟဲဟိုးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ခြံတာဝန်ခံတို့က မိုးရာသီ သီးနှံ မျိုးစေ့ထုတ်လုပ်ငန်းနှင့် သုတေသနဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အာလူးမျိုးပွားခြင်း လုပ်ငန်း၊ ရေဆင်း(၁) စပ်မျိုး နေကြာ၊ ဘာစမာတီနှင့် ရွှေရင် အေးမျိုးစပါး မျိုး‌စေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးမှာကြားပြီး မျိုးအာလူး နမူနာများနှင့် ဟဲဟိုးဥယျာဉ်ခြံ အတွင်း လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အင်းခေါင်းဆည် (ဟဲဟိုးကန်)၏ ဝင်ရေသိုလှောင် ထားရှိမှုနှင့်ဒေသအတွက် စိုက်ပျိုးရေ အကျိုးပြုနေမှုကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းတို့သည် ဟဲဟိုးစိုက်ပျိုးရေး၊ မွေးမြူရေး သိပ္ပံကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ၍ သင်ကြားမှု သင်ယူမှုလုပ်ငန်းဆိုင်ရာများကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုငွေပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးစိုက်ပျိုးရေး သိပ္ပံကျောင်း၏ စာသင်ဆောင်များတွင် သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေမှု၊ စားရိပ်သာများ၊ အိပ်ဆောင်များ၊ မွေးမြူရေး လက်တွေ့ သင်တန်းဆောင်များနှင့် လက်တွေ့ကွင်းဆင်းလုပ်ငန်းဝင် လေ့ကျင့်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမျိုးသန့်ခြံ၏ ယာစပါးမျိုး ခြောက်မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးထားရှိမှုနှင့် ရေဆင်းစပ်မျိုးနေကြာ (၁) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ရွှေညောင်မြို့ရှိ တာယောစိုက်ပျိုးရေးသုတေသနခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းလိုအပ်ချက်များအား တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့သည် တောင်ကြီးမြို့နယ် အသေးစားမွေးမြူရေးမြေ ဖော်ထုတ်ရေး စီမံကိန်းလုပ်ငန်းကို ကွင်းဆင်း စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က မြေယာအသုံးပြုမှုနှင့်ပတ်သက်၍ တည်ဆဲမြေယာဥပဒေ၊ နည်းဥပဒေများနှင့် အညီဖြစ်စေရန်၊ ရင်းနှီးမြှုပ်နှံနိုင်မှု သေချာပြီး လုပ်ငန်းအမှန်တကယ် ဆောင်ရွက်လိုသူများကို ဦးစားပေးဆောင်ရွက်ရန်၊ တစ်ဦးချင်း ရင်းနှီးမတည်ရန် ခက်ခဲနိုင်သော်လည်း ဆန္ဒသဘောထား ညီညွတ်သူအချင်းချင်း ပူးပေါင်း၍ လုပ်ငန်းထူထောင် ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,