ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆရာဒကာဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆရာဒကာဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း


Ministry of Information/ Naypyitaw / October 13, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ ဆရာဒကာကျောင်းများဖြစ်သော အဘယာ ရာမကျောင်းတိုက်နှင့် မြို့မစမ်းမြိုင် ကျောင်းတိုက်များသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါ ကျောင်းတိုက်များသို့ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ကျောင်းထိုင် ဆရာတော်များထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား၊ ပဲနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း သည်။(အပေါ်ပုံ) အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်