ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် (၉)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ်ကျေးမှုဖိုရမ်တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် (၉)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ်ကျေးမှုဖိုရမ်တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ
Ministry of Information/ Naypyitaw / November 15, 2023
ရန်ကုန် နိုဝင်ဘာ ၁၄
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် “(၉)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာ ယဉ်ကျေးမှုဖိုရမ်”သို့ တက်ရောက်ရန် ယနေ့ ညနေပိုင်းတွင် Myanmar Airway International လေကြောင်းဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ Counsellor and Deputy Head of Mission ၊ Mr. Pavel Klabukov နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
သတင်းစဉ်
