ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များအားတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များအားတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 02, 2023
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ မွန်ပြည်နယ်အစိုးရ အဖွဲ့အဖွဲ့ဝင်များ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များ နှင့်တွေ့ဆုံသည်။

ကောက်ယူပြီးစီးခဲ့

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မွန်ပြည်နယ်အနေဖြင့်မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို စာရင်းကောက်အဖွဲ့ ၁၀၀၀ ကျော်ဖြင့် သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ကောက်ယူနိုင် ခဲ့ပြီး e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ၅ ဒသမ ၂ သိန်းကျော်၊ အိမ်ထောင်စုစာရင်း မရှိသဖြင့် အလွတ်ပုံစံများဖြင့် ၆၀၀၀၀ ကျော် စုစုပေါင်း ၅ ဒသမ ၈ သိန်းကျော် ကောက်ယူပြီးစီးခဲ့ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအချက်အလက်များအား ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက်တိုက်ဆိုင်ပြင်ဆင် ဖြည့်သွင်းအတည်ပြုခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ရန် အနည်းငယ်ကျန်ရှိနေသည့်အတွက် အချိန်မီပြီးစီးရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

မိမိတို့ဌာနမှ တာဝန်ယူ၍ နိုင်ငံအတွင်း နေထိုင်သူအားလုံး ကိုယ်ရေးအချက် အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူ ကာ e-ID Database အတွင်းသိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ် ထုတ်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားသူများအား e-ID စနစ်ဖြင့် တစ်ပါတည်း Biographic/ Biometric ကောက်ယူခြင်းဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းစဉ်အား ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနှိုး ဆော်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ မဲစာရင်းမှန် ကန်စေရေး လုပ်ငန်းများ၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာကော် မတီဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက်တာဝန်ရှိသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ပန်းခင်းစီမံချက်လုပ်ငန်းများဆောင်ရွက်မှု၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် စီစဉ်ထားရှိမှု၊ မြေပြင်ကွင်းဆင်းကောက်ယူရရှိသော အချက်အလက်များအား e-ID Server သို့ ဖြည့်သွင်း တိုက်ဆိုင်အတည်ပြုဆောင်ရွက်မှု၊ မဲစာရင်းမှန်ကန် ရေးအတွက် ဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ ဒေသအာဏာပိုင်များ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများအားလုံးက တက်ညီလက်ညီလက်တွဲ၍ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဝန်ထမ်းများနှင့်တွေ့ဆုံ

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ရုံး ခန်းမ၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ပန်းခင်းစီမံချက် လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းကောက်ယူပြီးစီး သည့် စာရင်းဇယားအချက် အလက်များအား e-ID Server အတွင်း တိုက်ဆိုင်ပြင်ဆင် ဖြည့်စွက်အတည်ပြု ခြင်းလုပ်ငန်းများ၊ e-ID စနစ် အကောင်အထည်ဖော်ရေး၊ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးဂရုပြု ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်

HOT NEWS
January 4,