ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / December 29, 2023

နေပြည်တော် ဒီဇင်ဘာ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ သာယာအေးကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာတို့တွင် သမဝါယမလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဒေသခံပြည်သူများနှင့် တွေ့ဆုံ
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည့် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမ၌ သမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနမှ စိုက်ပျိုးရေရရှိရေး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ပေးပြီးဖြစ်၍ ရာသီအလိုက်သီးနှံများ သီးထပ်သုံးသီး စိုက်ပျိုးဆောင်ရွက်ကြရန်နှင့် သမဝါယမအသင်းသားတောင်သူများအတွက် လိုအပ်သည့် သွင်းအားစုများကို အချိန်မီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်နေမှုနှင့် ရေသန့်စင်စနစ်ဆောင်ရွက်နေမှု၊ ရှားစေးဖိုကျေးရွာ၌ ဆင်သေချောင်း ယာယီချောင်းပိတ်ပြီး လျှပ်စစ်ရေတင်လုပ်ငန်းများ လည်ပတ်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာ၊ သာယာအေးကျေးရွာတို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး ယခုအခါ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဆင်သေချောင်းယာယီရေထိန်းဆည် တည်ဆောက်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက်နိုင်ငံတော်အစိုးရမှ ကျေးရွာနေ ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ လုပ်ငန်းများ ရေရှည်တည် တံ့ခိုင်မြဲရေးနှင့် နှစ်စဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ရေသုံးစွဲသူအစုအဖွဲ့များ စနစ်တကျဖွဲ့စည်း၍ ဆောင်ရွက်ရန်၊ စိုက်ပျိုးနိုင်သည့်မြေများတွင် ရာသီအလိုက်သီးနှံများ သီးထပ်သုံးသီးစိုက်ပျိုးဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်