ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မန္တလေးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ သွားရောက်၍ ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုပြီး ဥပ္ပါတသန္တိကျမ်းစာအုပ်များ လှူဒါန်း

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မန္တလေးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ သွားရောက်၍ ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုပြီး ဥပ္ပါတသန္တိကျမ်းစာအုပ်များ လှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 03, 2024
image_latest


မန္တလေး မေ ၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး ဥပ္ပါတသန္တိကျမ်းစာအုပ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မဟာအောင်မြေမြို့နယ်ရှိ အဝေရာမ ရန်ကင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဩဒါတသိရီ ဘိဝံသ၊ ချမ်းအေးသာစံမြို့နယ်ရှိ ပတ္တမြား ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတာဘိဝံသနှင့် မဟာအောင်မြေမြို့နယ်ရှိ မြတောင်ကျောင်းတိုက် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တသာဂရာ ဘိဝံသတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ အဆိုပါကျောင်းတိုက်များရှိ သံဃာတော်၊ ရဟန်းသာမဏေများအတွက် ဥပ္ပါတသန္တိကျမ်းစာအုပ်များ လှူဒါန်းသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရန်ကုန်မြို့သို့ MAI လေကြောင်းလိုင်းဖြင့် ကြွရောက်မည့် နိုင်ငံတာ်ဩဝါဒါစရိယ သောဠသာမရွှေကျင်သာသနာပိုင်၊ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တဉာဏိဿရအား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ခန်းမ၌ သွားရောက် ဖူးမြော်ကြည်ညိုပြီး သြဝါဒခံယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့သည် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်ရှိ မဟာဓမ္မိကာရာမတိုက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု မိတ္ထီလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇနပီယ၊ ချမ်းမြသာစည်မြို့နယ်ရှိ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် နိုင်ငံတော်သြဝါဒါစရိယအဘိဓဇမဟာရဋ္ဌဂုရု ဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တဩဘာသာဘိဝံသနှင့် ချမ်းမြသာစည်မြို့နယ်ရှိ အသောကာရာမတိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝရတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ အဆိုပါကျောင်းတိုက်များရှိ သံဃာတော်၊ ရဟန်းသာမဏေများအတွက် ဥပ္ပါတသန္တိကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်

HOT NEWS
January 4,