ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာ- အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်


Ministry of Hotel & Tourism/ နေပြည်တော် / July 26, 2024


နေပြည်တော် ဇူလိုင် ၁၄

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ကျင်းပသည့် မြန်မာ- အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများ၊ အိန္ဒိယသံရုံးမှ ဒုတိယအတွင်းဝန် Mr. Ashok Kumar ၊ အိန္ဒိယ-မြန်မာ စီးပွားရေးလ ုပ်ငန်းရှင်များအသင်းမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့်အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသူများ ပူးပေါင်း ဆောင်ရွက်မှုများကိုအခြေခံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အာဆီယံ+အိန္ဒိယ၊ BIMSTEC၊ SASEC နှင့် မဲခေါင်-ဂင်္ဂါခရီးသွားလုပ်ငန်း စသည့်မူဘောင်များအတွင်း နီးကပ်စွာ လက်တွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ အဆင်ပြေစွာလာရောက် လည်ပတ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံ သား ခရီးသွားဧည့်သည်များကို ဆိုက်ရောက်ဗီဇာဖြင့် လာရောက်လည်ပတ်နိုင်အောင် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများသို့ အိန္ဒိယ နိုင်ငံမှခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် ခရီးသွား မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ၊ အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်ရေးဆိုင်ရာများ၊ ပြည်တွင်းပြည်ပလေကြောင်းလိုင်းများ ပြေးဆွဲနေမှုအခြေအနေများ၊ မြန်မာ-အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MOI Website