ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / September 15, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၄

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သတ္တုဗေဒနှင့် ဒြပ်ပစ္စည်းသိပ္ပံဆိုင်ရာ သုတေသေနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် လက်တွေ့သင်ကြားလေ့ကျင့်မှုများကို ကျွမ်းကျင်တတ်မြောက်ရန်နှင့် နည်းပညာဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သုတေသနဆိုင်ရာလုပ်ငန်းများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး သရက်တောပရိယတ္တိစာသင်တိုက်နှင့် ပုပ္ပားမစိုးရိမ်ကျောင်းတိုက်များသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်များကို ဖူးမြော်ကြည်ညို၍ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

တို့အတူ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး ခေါင်းဆောင်သည့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရေဘေးသင့်နေသော ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ) သို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)ရှိ ရေဘေးသင့်ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများထံသို့ နည်းပညာတက္ကသိုလ် (တောင်ငူ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) တို့တွင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများက စားသောက်ဖွယ်ရာများကို စေတနာထက်သန်စွာ ချက်ပြုတ်၊ ထုပ်ပိုး၍ ပို့ဆောင်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,