ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma အား လက်ခံတွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / September 27, 2024


နေပြည်တော် စက်တင်ဘာ ၂၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များ အပြန်အလှန် လည်ပတ်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် နှစ်နိုင်ငံခရီးစဉ်ဒေသများသို့ လေကြောင်းလိုင်းများတိုက်ရိုက် ပျံသန်းပြေးဆွဲရေး၊ မြန်မာ- အိန္ဒိယ - သီရိလင်္ကာ - နီပေါ Buddhist Circuit ဗုဒ္ဓဘာသာ ဘုရားဖူးခရီးစဉ်များ အကောင်အထည်ဖော်ရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ(MoU)ကို ဆက်လက် အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံအစိုးရ-ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန်အတွက် အွန်လိုင်းအစည်းအဝေးများ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

သတင်းစဉ်

Source From: Myanmar Alin