ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပုဗ္ဗသီရိမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပုဗ္ဗသီရိမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / January 23, 2025
နေပြည်တော် ဇန်နဝါရီ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ ကျေးရွာအုပ်စု၊ တောက်ထိန်ကျေးရွာ အေးချမ်းသာယာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ တောင်သူ ဦးရန်နိုင်ဦး၏ ရေဆင်း(၁)ဆောင်းနေကြာစိုက်ပျိုးထားရှိမှု အား ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ကျေးရွာယာယီရှင်းလင်းဆောင်၌ သမဝါယမအသင်းသားများ၊ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံရာ ပုဗ္ဗသီရိမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက ပုဗ္ဗသီရိ မြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီ တင်သွင်းမှုလျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော် အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကဏ္ဍအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိရေး စီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံ များအား ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင်(နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ နေကြာစိုက်တောင်သူများအနေဖြင့် နေကြာစိုက်ပျိုးခြင်းမှရရှိသည့် တစ်ဧက အထွက်နှုန်း များကို စနစ်တကျမှတ်သားထားပြီး စိုက်ပျိုးသည့် နေကြာမျိုးအလိုက် တစ်ဧက ကုန်ကျစရိတ်၊ တစ်ဧက အထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက်စိုက်ပျိုးသည့်အခါတွင် အားနည်းချက်များကို ပြုပြင်၍ ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သမဝါယမအသင်းမှ စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းများမှ ထွက်ရှိလာသော နေကြာများအား သမဝါယမအသင်းပိုင်ဆီစက်များမှ ပွဲစားမလိုဘဲ တိုက်ရိုက်ဝယ်ယူကြိတ်ခွဲပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အသင်းသား တောင်သူများအနေဖြင့် ရာသီအလိုက် မိမိတို့ဒေသနှင့် ကိုက်ညီသော သီးနှံများစိုက်ပျိုး ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် နည်းပညာများအား ပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်း မပြုဘဲ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူ ကိုယ်တူဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်လို အပ်ကြောင်း၊ စုပေါင်း ဆောင်ရွက်ခြင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများအကျိုးရှိအောင် ခွဲဝေပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။