ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / February 05, 2025
နေပြည်တော် ဖေဖော်ဝါရီ ၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းကကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနမှူး၊ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူးနှင့် မီးသတ်ဦးစီးမှူးရုံး အင်ဂျင်နီယာအဖွဲ့တို့ တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေး
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန နေပြည်တော်တိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြတ်သီဟနှင့် ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မီးငြှိမ်းသတ်မှုသရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး လက်တွေ့ပါဝင်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်