ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ထမ်းနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များ တပ်ဆင်တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ဝန်ထမ်းနှင့်မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များ တပ်ဆင်တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 22, 2025
image_latest


နေပြည်တော် မေ ၂၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ ရုံးဝင်းအတွင်း၌ ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းပါ Container House များအားတပ်ဆင် တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် Kyaw Maw Group Construction ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသော အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်တည်ဆောက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စနစ်တကျသိမ်းဆည်းထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Conta-iner House များ တပ်ဆင်တည်ဆောက်နိုင်ရေး အတွက် မြေနေရာရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများ၊ စနစ်တကျ သိမ်းဆည်းထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး တပ်ဆင်တည်ဆောက်ရာတွင် သတ်မှတ်ချက်များအတိုင်း စနစ်တကျတပ်ဆင်တည်ဆောက်ကြရေး၊ Container House တစ်လုံးနှင့်တစ်လုံး အကွာအဝေးသတ်မှတ်ချက်များကိုက်ညီရေး၊ လမ်းများသတ်မှတ်ချက်အတိုင်းဖြစ်စေရေး၊ အညစ်အကြေးများ စနစ်တကျစွန့်ပစ်နိုင်ရန် စီစဉ်ထားရှိကြရေး၊ Container House များ တပ်ဆင်တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးလေလွင့်မှု မဖြစ်စေရန်အဖွဲ့များဖွဲ့၍ စနစ်တကျကြတ်မတ်ဆောင်ရွက်ကြရေး၊ ရေ/မီးနှင့် အခြေခံလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဝင်လမ်း/ထွက်လမ်းများ စီစဉ်ထားရှိရေး၊ ယာယီတဲများတွင် နေထိုင်နေသောဝန်ထမ်းများနှင့် မိသားစုဝင်များအား Container House များသို့ အမြန်ဆုံးပြောင်းရွှေ့နေရာချထားနိုင်အောင် စီစဉ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,