ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းနှင့် ဒိုးကွင် သစ်တောပျိုးဥယျာဉ်တို့အား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းနှင့် ဒိုးကွင် သစ်တောပျိုးဥယျာဉ်တို့အား ကြည့်ရှုစစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / June 09, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၉-၆-၂၀၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းသို့ သွားရောက်၍ သင်တန်းသားအိပ်ဆောင်များ စနစ်တကျထားရှိမှု၊ ကွန်ပျူတာ ခန်းမနှင့် စာသင်ဆောင်များတွင် သင်ကြားပို့ချနေမှုအခြေအနေနှင့် သစ်တောကျောင်းဝင်းအတွင်း သာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်ပျိုးဥယျာဉ်သို့ သွားရောက် ၍ ပျိုးဥယျာဉ်အတွင်း သစ်မျိုး (၁၄)မျိုးဖြင့် ပျိုးပင် ၁၄၁,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအခြေအနေ၊ ဆေးဘက်ဝင် ဂမုန်းမျိုးစိတ် (၂၀)မျိုးနှင့် မြန်မာ့ရှားပါး သစ်ခွမျိုးစိတ် (၆၀)မျိုး ထိန်းသိမ်းစောင့်ရှောက် ထားမှုအခြေအနေတို့ အားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ပြင်ဦးလွင်မြို့နှင့် ပတ်ဝန်းကျင်အထူးစိမ်းလန်းစိုပြည်ရေး၊ လမ်းဘေးဝဲယာ စိမ်းလန်း စိုပြည်ရေး၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြင်ဦးလွင်မြို့အား ချယ်ရီမြို့တော် ဖြစ်စေရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

HOT NEWS
January 4,