ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် China Harbour Engineering Company Ltd. နှင့် Yunnan Baoshan Hengyi Industrial Group Co.,Ltd တို့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် China Harbour Engineering Company Ltd. နှင့် Yunnan Baoshan Hengyi Industrial Group Co.,Ltd တို့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / September 26, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၂၅

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် China Harbour Engineering Company Ltd. ဒုတိယဥက္ကဋ္ဌ Mr. Xu Huajiang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Yunnan Baoshan Hengyi Industrial Group Co.,Ltd ဥက္ကဋ္ဌ Mr. Duan Zhikui ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ရင်းနှီးပွင့်လင်းစွာဆွေးနွေး

China Harbour Enginee-ring Company Ltd. ဒုတိယဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့်အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအစိုးရနှင့်အတူ China Harbour Enginee-ring Company Ltd. က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးကြသည်။

အပြန်အလှန်ဆွေးနွေး

Yunnan Baoshan Hengyi Industrial Group Co.,Ltd ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် စွမ်းအင်လုပ်ငန်း၊ နိုင်ငံတကာကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ရေရရှိရေးလုပ်ငန်း၊ ထောက်ပံ့ရေးကွင်းဆက်နှင့် E-commerce လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,