ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ အခြေခံပညာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ အခြေခံပညာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် တွေ့ဆုံ


Ministry of Information/ Naypyitaw / November 07, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောက်မဲမြို့နယ်ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အဓိကအလေးထား အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍကို မြှင့်တင်ရန် KG မှ Grade -12 အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်ပြီးမြောက်ပြီး တက္ကသိုလ်အဆင့် ပြီးမြောက်သည်အထိ တက်ရောက်ရေးသည် နိုင်ငံတော်၏ မူဝါဒပင်ဖြစ်ပါကြောင်း။

Grade-12 အောင်ချက်ရာခိုင် နှုန်းမြင့်မားရေးသည် ပညာရေးဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဆရာ ဆရာမများ၊ မိဘများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ ကျောင်းပြင်ပသို့ရောက်ရှိချိန်တွင် ကာယဗလ၊ စာရိတ္တများ ကောင်းမွန်စေရန်သွန်သင်ဆုံးမ ပေးကြစေလိုပါကြောင်း၊ Grade -9 အောင်မြင်ပြီးသည့်အခါတွင် Grade -12 သို့ ဆက်လက်မတက်ရောက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်းမှ အဆင့်မြင့် စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြား နိုင်မည်ဖြစ်ပါကြောင်း။

သင်ကြားရေးနှင့်ပတ်သက်၍ ဆရာ ဆရာမများသည် အဓိကအရေးကြီးပါကြောင်း၊ နွေရာသီရောက်ရှိပါက သက်ဆိုင်ရာဘာသာ ရပ်ကျွမ်းကျင်သူများက ပို့ချမည့်သင်တန်းများသို့ တက်ရောက်ရမည် ဖြစ်ပါကြောင်း၊ ယင်းသင်တန်းများသို့ တက်ရောက်နိုင် ခြင်း မရှိသူများအနေဖြင့် မြန်မာ့ပညာရေးရုပ်သံတွင် သင်ကြားပို့ချလျက်ရှိသည့် သင်ခန်းစာ များမှတစ်ဆင့် လေ့လာသင်ယူနိုင်ပါကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်လာစေရေး ဆရာ ဆရာ မများ၊ မိဘများက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထပ်မံဖွင့်လှစ်ရန် ကျန်ရှိသည့် ကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆရာ ဆရာမများ၊ မိဘများက ကျောင်းအပ် လက်ခံနိုင်ရေး၊ သိရှိလိုသည်များနှင့် လိုအပ်လျက်ရှိသည်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောပိုးအိတ်များကို ပေးအပ်ရာ ကျောက်မဲ မြို့နယ်နှင့် သီပေါမြို့နယ် မြို့နယ်ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မူလတန်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှုများကို ကြည့်ရှုအားပေးကာ ကျောပိုးအိတ်များပေးအပ်ပြီး စာကြည့်တိုက်အတွင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားခန်းမ၌ နောင်ချိုမြို့နယ်ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများအတွင်းကြည့်ရှုပြီး မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောပိုးအိတ်များ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နောင်ချိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းခွဲ(အုမ္မသီး)သို့ ရောက်ရှိပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,