ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / November 07, 2025
နေပြည်တော် နိုဝင်ဘာ ၆
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Sanjay Mathur အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးအမှတ် (၄၆)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကုလသမဂ္ဂကမြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ၊ လူသားချင်းစာနာထောက်ထား မှုအကူအညီများနှင့် နည်းပညာဆိုင်ရာအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
