ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ တက်ရောက်


Ministry of Information/ Naypyitaw / April 18, 2026
image_latest


နေပြည်တော် ဧပြီ ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကို ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည်၌ ယနေ့ညနေပိုင်းတွင် ကျင်းပသည်။

ငါးလွှတ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦသိုက်စိုးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

ငါးလွှတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများက ငါးသားပေါက်ကောင်ရေ ၆၃၀၀ ကို ဇီဝိတဒါနအဖြစ် လျှိုပိတ်ဆည်ထဲသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်