ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 03, 2026
image_latest


နေပြည်တော် မေ ၂

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့သည် ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သောနှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ပြီး သွေးလှူဒါန်းကြသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ဆုံအားပေးစကားပြောကြားကာ အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပြန်လည်အဆင့်မြှင့်ပြင်ဆင်ထားသော အထူးကြပ်မတ်ကုသဌာန (ICU)နှင့် ပင်မဆေးကုသဆောင်ရှိ ထပ်မံတိုးချဲ့ထားရှိသော အရိုးနှင့်ထိခိုက်ဒဏ်ရာကုသဌာနတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်လူနာ/လူနာစောင့်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ICU ထပ်မံတိုးချဲ့နိုင်ရေး တာဝန်ရှိသူများအားမှာကြားသည်။

ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သူနာပြုကြီးများအားတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက လက်လှမ်းမီသည့် ကျန်းမာရေး စောင့်‌‌ရှောက်မှုများကို ပိုမိုရရှိစေရေး၊ လူနာများစောင့်ဆိုင်းရမှု အချိန်ကာလလျော့ကျစေရေး၊ လူနာပြုစုကုသမှုများ ပိုမိုစနစ်ကျစေရေး၊ ပြည်သူမှ စိုက်ထုတ်ကုန်ကျငွေ အတတ်နိုင်ဆုံးလျော့နည်းစေရေး၊ ကျန်းမာရေးဝန်ထမ်းများက ပြည်သူများနှင့်ရင်းနှီးနွေးထွေးစွာ ဆက်ဆံရေး၊ လူနာများအပေါ် ပိုမိုဂရုစိုက်စောင့်ရှောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ၍ တာဝန်ထမ်းဆောင်ရေး၊သေဆုံးသူလူနာများထားရှိရာ (Mortuary) အဆောက်အအုံသစ်အား သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားသည်။

ညနေပိုင်းတွင် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက လူနာများသက်သောင့် သက်သာကုသမှုခံယူနိုင်ရေး၊ ကုသမှုအရည်အသွေး ပိုမိုမြင့်မားစေရေး၊ ဆေးစတိုတွင်ဆေးဝါးများ စနစ်တကျထားရှိရေး၊ လူနာများအားစေတနာထားကုသပေးရေး၊ အဆောက်အအုံနှင့်ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးဆောင်ရွက်ရန်မှာကြားသည်။

ထို့အတူ ယမန်နေ့ညနေပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးဝန်ကြီးဌာန ဆေးဝါးနှင့်စက်ပစ္စည်းဝယ်ယူဖြန့်ဖြူး‌ရေးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ရောဂါပြင်းထန်မှုအလိုက် ဦးစားပေးကုသပေးနေမှု၊ အရေးပေါ်ဆေးကုသမှုဌာနများ၊ ဆေးနှင့်ဆက်စပ်ပစ္စည်းအသုံးပြုနေမှု၊ ဝန်ထမ်းအိမ်ရာများကိုကြည့်ရှုပြီး တာဝန်ရှိသူများ၏တင်ပြချက်များအ‌ပေါ် လိုအပ်သည်များဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်