ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ နီကာရာဂွါသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဒယ်နီရယ်အော်တီဂါ ဆာဗေဒရာနှင့် ဒုတိယသမ္မတ မစ္စ ရိုဆာရီယို မူရီလိုတို့ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

Ministry of Information/ Naypyitaw / January 08, 2025
image_latest

ဇန်နဝါရီလ (၄) ရက်တွင်ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့်တကွ မြန်မာပြည်သူများအားလုံးနှင့် ထပ်တူဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါသည်။

အဆိုပါနေ့ထူးနေ့မြတ်တွင် မြန်မာနိုင်ငံသားများအားလုံး ကြွယ်ဝချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ ကျန်းမာသုခနှင့်ပြည့်စုံ၍ လွတ်လပ်သာယာပါစေကြောင်း နီကာရာဂွါနိုင်ငံမှ ဆုမွန်ကောင်းပို့သအပ်ပါ သည်။ နှစ်နိုင်ငံပြည်သူများအကြား ညီရင်းအစ်ကိုပမာ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဆက်လက်ခိုင်မာလာစေရန် ထပ်လောင်းဆန္ဒပြုအပ်ပါသည်။

လေးစားချစ်ခင်ရပါသော ညီအစ်ကိုရင်းချာ ဝန်ကြီးချုပ်ခင်ဗျာ၊ မြန်မာပြည်သူများအတွက် ပေးပို့သော နီကာရာဂွါပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို လက်ခံပေးပါရန် ပြောကြားလိုပါသည်။

HOT NEWS
January 4,