ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

Ministry of Information/ Naypyitaw / January 08, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် အဆွေတော်ထံမှတစ်ဆင့် မြန်မာပြည်သူများထံသို့ မိမိကိုယ်တိုင်နှင့် လာအိုနိုင်ငံ ပြည်သူများကိုယ်စား မိမိမှ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာ ရင်းနှီးသည့်ဆက်ဆံရေးနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုတို့သည် မိမိတို့၏လက်တွဲဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုး ဖြစ်ထွန်းမှုအတွက်သာမက ဒေသတွင်းနှင့်တစ်ကမ္ဘာလုံး တည်ငြိမ်အေးချမ်းမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက်ပါ လာမည့်နှစ်များစွာတိုင် ပိုမိုခိုင်မာတိုးတက်လာမည်ဟု မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ပါသည်။
၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယ၌ အဆွေတော် ကျန်းမာရွှင်လန်းပျော်ရွှင်ပြီး အဆွေတော်၏ အလုပ်တာဝန်များထမ်းဆောင်ရာ၌ အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများအားလုံး သာယာဝပြောမှု အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။