ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ


Ministry of Information/ Naypyitaw / January 08, 2025
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက်  လွတ်လပ်ရေးနေ့အခါသမယတွင် မိမိကိုယ်တိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရကိုယ်စား အဆွေတော်နှင့် အဆွေတော်မှတစ်ဆင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရထံသို့ နွေးထွေးသည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) ကျော်ကာလအတွင်း နှစ်နိုင်ငံအကြား၌ ကောင်းမွန်ပြီး အစဉ်အလာရှိသော ဆက်ဆံရေးမှာ စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းလာခဲ့သည်ကို မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးတို့အတွက်သာမက နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် နှစ်နိုင်ငံနှင့် ကဏ္ဍစုံမူဘောင်အတွင်းရှိ မိမိတို့၏ ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှုများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတို့ တိုးတက်ခိုင်မာစေရေး အဆွေတော်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယ၌   အဆွေတော်အနေဖြင့်   စိတ်ချမ်းသာကိုယ်ကျန်းမာရှိစေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်   ပြည်သူများ၏   ပိုမိုကြီးပွားတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် ဦးစီးဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ  ပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည် လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

HOT NEWS
January 4,