ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Ministry of Information/ Naypyitaw / January 08, 2025
နေပြည်တော် ဇန်နဝါရီ ၈
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နီကာရာဂွါသမ္မတနိုင်ငံသမ္မတ မစ္စတာ ဒယ်နီရယ်အော်တီဂါ ဆာဗေဒရာနှင့် ဒုတိယသမ္မတ မစ္စ ရိုဆာရီယို မူရီလိုတို့ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ဇန်နဝါရီလ (၄) ရက်တွင်ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့်တကွ မြန်မာပြည်သူများအားလုံးနှင့် ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါသည်။
အဆိုပါနေ့ထူးနေ့မြတ်တွင် မြန်မာနိုင်ငံသားများအားလုံး ကြွယ်ဝချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ ကျန်းမာသုခနှင့်ပြည့်စုံ၍ လွတ်လပ်သာယာပါစေကြောင်း နီကာရာဂွါနိုင်ငံမှ ဆုမွန်ကောင်းပို့သအပ်ပါ သည်။ နှစ်နိုင်ငံပြည်သူများအကြား ညီရင်းအစ်ကိုပမာ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဆက်လက်ခိုင်မာလာစေရန် ထပ်လောင်းဆန္ဒပြုအပ်ပါသည်။
လေးစားချစ်ခင်ရပါသော ညီအစ်ကိုရင်းချာ ဝန်ကြီးချုပ်ခင်ဗျာ၊ မြန်မာပြည်သူများအတွက် ပေးပို့သော နီကာရာဂွါပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို လက်ခံပေးပါရန် ပြောကြားလိုပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် အဆွေတော်ထံမှတစ်ဆင့် မြန်မာပြည်သူများထံသို့ မိမိကိုယ်တိုင်နှင့် လာအိုနိုင်ငံ ပြည်သူများကိုယ်စား မိမိမှဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာ ရင်းနှီးသည့်ဆက်ဆံရေးနှင့် နီးကပ်သော ပူးပေါင်း ဆောင်ရွက်မှုတို့သည် မိမိတို့၏ လက်တွဲဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုး ဖြစ်ထွန်းမှုအတွက်သာမက ဒေသတွင်းနှင့်တစ်ကမ္ဘာလုံး တည်ငြိမ်အေးချမ်းမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက်ပါ လာမည့်နှစ်များစွာတိုင် ပိုမိုခိုင်မာတိုးတက်လာမည်ဟု မိမိအနေဖြင့် ခိုင်မာစွာယုံကြည်ပါသည်။
၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယ၌ အဆွေတော် ကျန်းမာရွှင်လန်းပျော်ရွှင်ပြီး အဆွေတော်၏ အလုပ်တာဝန်များထမ်းဆောင်ရာ၌ အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများအားလုံး သာယာဝပြောမှု အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မိမိကိုယ်တိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရကိုယ်စား အဆွေတော်နှင့် အဆွေတော်မှတစ်ဆင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရထံသို့ နွေးထွေးသည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) ကျော်ကာလအတွင်း နှစ်နိုင်ငံအကြား၌ ကောင်းမွန်ပြီး အစဉ်အလာရှိသော ဆက်ဆံရေးမှာ စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းလာခဲ့သည်ကို မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးတို့အတွက်သာမက နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် နှစ်နိုင်ငံနှင့် ကဏ္ဍစုံမူဘောင်အတွင်းရှိ မိမိတို့၏ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှုများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးသောဆက်ဆံရေးတို့ တိုးတက်ခိုင်မာစေရေး အဆွေတော်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။
၂၀၂၅ ခုနှစ် နှစ်သစ်အခါသမယ၌ အဆွေတော်အနေဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာရှိစေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူများ၏ ပိုမိုကြီးပွားတိုးတက်ရေးနှင့် သာယာဝပြော ရေးအတွက် ဦးစီးဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည် လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။