ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ  ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ  ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်


Ministry of Home Affairs/ နေပြည်တော် / June 09, 2023


 နေပြည်တော် ဇွန် ၉

     ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း  ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။   

     ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဆန်တန်းကျောင်းသစ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ မွန်ပရိယတ္တိစာသင်တိုက်၊ မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကျုံစုရွှေရင်အေးကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းလဲကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ စန်းမြရောင်ခြည်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ငြိမ်းချမ်းရေးကျောင်းတိုက်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မိုးကုတ်ရိပ်သာ(မြောက်) ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဘုရားကြီးအနောက်ကျောင်းတိုက်၊ လားရှိုးမြို့နယ်ရှိ စိတ္တသုခကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မဟာရံသီကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများကသွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။                            

        

 

  

 

HOT NEWS
January 4,