ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်
ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်
Ministry of Home Affairs/ နေပြည်တော် / July 25, 2023
နေပြည်တော် ဇူလိုင် ၂၅
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ကူးတို့ဆိပ်ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မြို့မရွှေကူကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဓမ္မနန္ဒီကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋကမဟာသစ္စာအောင်မြေကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မော်ကျွန်းကျောင်းတိုက်၊ လှိုင်မြို့နယ်ရှိ ပဏ္ဍိတာရာမပရိယတ္တိစာသင်တိုက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကျုံစုရွှေရင်အေးကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ပါလျှံကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ရွှေရေးဆောင်ကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တန့်ကြည်တောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဝဲပျံကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဓမ္မဝိဟာရပရိယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော် ကောင်စီနယ်မြေနှင့်တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။