ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ကြက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား နေပြည်တော်ရှိ ရုံး/ဌာနများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ကြက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား နေပြည်တော်ရှိ ရုံး/ဌာနများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး


Ministry of Home Affairs/ နေပြည်တော် / January 12, 2025


     ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ကြက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့နှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။