ပြည်ပမှပြန်လာသည့် သင်္ဘောသားများအပါအဝင် ပြည်ပပြန်သူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရဟု သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ပြည်ပမှပြန်လာသည့် သင်္ဘောသားများအပါအဝင် ပြည်ပပြန်သူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရဟု သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / October 15, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၅

ပြည်ပမှပြန်လာသည့် သင်္ဘောသားများအပါအဝင် ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်အဆင်မပြေ၍ ပြန်လာသူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်လေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူတစ်ဦး၏ ပြောပြချက်အရ ပြည်ပမှပြန်ဝင်လာသူများကို သက်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း စစ်ဆေးမှုများသာရှိကြောင်း၊ အကြောင်းမဲ့ဖမ်းဆီးမှုတစ်စုံတစ်ရာမရှိကြောင်း၊ ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်နှင့်တပ်မတော်အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှား၍ ကြောက်လန့်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့မဟုတ်မမှန်သည့် သတင်းမှားများ လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

HOT NEWS
January 4,