ပြည်ပမှ စက်သုံးဆီသင်္ဘောများ သီလဝါဆိပ်ကမ်းသို့ အဆက်မပြတ်ရောက်ရှိပြီး စက်သုံးဆီများ ပုံမှန်ဖြန့်ဖြူးလျက်ရှိကြောင်း
ပြည်ပမှ စက်သုံးဆီသင်္ဘောများ သီလဝါဆိပ်ကမ်းသို့ အဆက်မပြတ်ရောက်ရှိပြီး စက်သုံးဆီများ ပုံမှန်ဖြန့်ဖြူးလျက်ရှိကြောင်း
Ministry of Information/ Naypyitaw / November 20, 2023
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသကြီးရှိ Teminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာသိုလှောင်ကန်များသို့ ၁၉-၁၁-၂၀၂၃ ရက်နေ့နှင့် ၂၀-၁၁-၂၀၂၃ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော (၃) စီးမှ စက်သုံးဆီများအား ချယူဖြည့်တင်းလျက်ရှိပြီး ထပ်မံ၍ ဆီချယူဖြည့်တင်းရန် အသင့်စောင့်ဆိုင်းနေသည့် စက်သုံးဆီတင်သင်္ဘော (၁) စီးရှိကြောင်းနှင့် ထပ်မံဝင်ရောက်မည့် စက်သုံးဆီတင်သင်္ဘောများလည်းရှိကြောင်း သိရှိရပါသည်။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ် (Bowser) များဖြင့် နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်းသယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိရာ ၁၉-၁၁-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီ အရောင်းဆိုင် (၁,၉၆၀) ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၃၁၁ စီးဖြင့် 92 Ron ဂါလန် (၁သန်း၄သိန်း၇သောင်းကျော်) ၊ 95 Ron ဂါလန် (၃သိန်း၃သောင်းကျော်) ၊ ဒီဇယ်ဆီ ဂါလန် (၁သန်း ၄သောင်းကျော်) ၊ ပရီမီယမ်ဒီဇယ်ဆီ (၁သန်း၂သောင်းကျော်) အား ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် အများပြည်သူအနေဖြင့် စက်သုံးဆီများအား အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲလျက်ရှိကြောင်းနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။