ပြည်သူများသို့ အသိပေးကြေညာချက်

ပြည်သူများသို့ အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / November 18, 2024
image_latest


လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး(ဟစ်တိုင်)ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့်ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား(အတု)၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ခဲ့ရာ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ (၃)ဦးအား သင်္ကန်းကျွန်းမြို့မရဲစခန်းတွင်လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင်အံ့မှူးပါ (၁၁)ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ(၅)ဦးအား မြဝတီမြို့မရဲစခန်းတွင်လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော်အား မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်အား ဒလမြို့မရဲစခန်းတွင်လည်းကောင်း တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုအမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ရပါသည်။

သို့ဖြစ်ပါ၍ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူအမြတ်ထုတ်သူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် e-ID စနစ်ဖြင့် UID နံပါတ်ရယူလိုသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝက မြို့နယ်ရုံးများတွင် မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ လူကိုယ်တိုင်သွားရောက်၍ အခကြေးငွေ ကုန်ကျမှုမရှိဘဲဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာအခက်အခဲများရှိပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/eIDDept မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

HOT NEWS
January 4,