ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်

ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်


Ministry of Information/ Naypyitaw / February 05, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၄

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “နိုင်ငံရပ်ခြားတွင် အခြေကျနေကုန်သော တော်လှန်ရေးဗန်းပြသူများ” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “NUG ကလည်း တော်လိမ်ရေးရန်ပုံငွေ အဝေမတည့်၊ PDF ကလည်း ဓားပြတိုက်လို့ရတဲ့ငွေ အဝေမတည့်နဲ့ အချင်းချင်းချောက်ချနေတဲ့ နိုင်ငံရေးဗန်းပြများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်