ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / October 22, 2025
image_latest


ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

************************************************************************

ပွင့်ဖြူ   အောက်တိုဘာ    ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးနှင့်အဖွဲ့၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ရှိသူများက လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာ ချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက လုပ်ငန်းများအရည်အသွေးပြည့်မီကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း အရှည်ပေ သုံးဖာလုံ၊ အကျယ် ၁၄ပေ၊ ထု ခုနှစ်လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၂၀၅ ဒသမ ၂၂သန်းအသုံးပြု၍  ထားပိုကုမ္ပဏီက ဇူလိုင် ပထမပတ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၈၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 အဆိုပါ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများ ရာသီမရွေး လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။

ဆက်လူ