ပွင့်ဖြူမြို့နယ် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း
ပွင့်ဖြူမြို့နယ် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / September 18, 2025

ပွင့်ဖြူမြို့နယ် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း
ပွင့်ဖြူ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် သမော်အင်း ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းအား DCP တိုင်းတာခြင်းနှင့် Sand Cone Test ဆောင်ရွက်ခြင်းများ ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှမြေပြင်ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းကြီးကြပ်ရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်တို့က တိုင်း၊ ခရိုင်၊ မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲမြို့နယ်များမှ အင်ဂျင်နီယာများဖြင့် သမော်အင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းအား DCP တိုင်းတာခြင်းနှင့် Sand Cone Test ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေမှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်ခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်မှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၊ သမော်အင်းကျေးရွာ၌ အရှည် ၅ ဒသမ ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ် ၁၀၅ ဒသမ ၇ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ယခုနှစ် ဇွန်လ ၁၉ ရက်နေ့မှ စတင်၍တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၇၀ % ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း မင်းဘူး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး ခင်မောင်ကျော်ထံမှ သိရသည်။
ဇင်မာ